KH&PT (အညာဘုရားဖူး-၂)
၂၀၂၀ အစမှာ Covid လှိုင်း China ကနေ တခြားနိုင်ငံတွေကို အလျင်အမြန်ကူးစက်လာတော့ ၇ရက်ခရီးကို ၃ရက်တည်းနဲ့ ပြန်ခဲ့ရတဲ့ အညာခရီးစဉ်။ အညာနွေရာသီ (မတ်လ)ထဲ အညာခရီးသွားရမှာဖြစ်ပေမယ့် Couple photography, ကိုယ့်မိတ်ဆွေတွေနဲ့ ခရီးသွားရမှာဆိုတော့ sg မှာ Covid rules တွေတဖြည်းဖြည်း တင်းကြပ်စပြုလာပေမယ့် ဒီခရီးကို သွားဖြစ်တယ်။ ရန်ကုန်မှာ လေယာဉ်ပေါ်က ဆင်းတာနဲ့ ကားနဲ့ Mdy လေးကို သွားကြတယ်။ အဲနေ့ပဲ ရိုက်ကြမယ့်နေရာတွေ location scout လုပ်ပြီး နောက်နေ့ စရိုက်ကြတယ်။ မနက်ထကြတာ နည်းနည်းနောက်ကျတယ်။ (မန်းလေး မနက် လက်ဖက်ရည်ဆိုင်ထိုင်ရတာလည်း အရသာရှိ။) ဒါပေမယ့် ပထမ မြန်မာဝတ်စုံနှစ်ထည် မနက်ပိုင်းတင် ချောချောမောမောပြီးတယ်။ နေ့လည်စာစားရင်း ရှင်ပြုဓါတ်ပုံလိုက်ရိုက်တောင် လုပ်လိုက်သေးတယ်။ ညနေ gown နဲ့ ရိုက်ဖို့ လုပ်တာနဲ့ messenger ကနေ စိတ်ပူနေကြတဲ့ မိတ်ဆွေ အယောက်နှစ်ဆယ်လောက်က msg ပို့ ပြီး "sg က အဝင်ကို သန်ဖက်ခါကစပြီး ၁၄ရက် quarantine နေရမယ်" ဆိုပြီး အကြောင်းကြားကြတယ်။ ညနေ ဓါတ်ပုံရိုက်ဖို့ထက် "ပြန်ရမလား မပြန်ရမလား" ဝေခွဲမရ။ ရိုက်စရာနေရာတွေ ရိုက်စရာတွေက အများကြီး ကျန်သေးတယ်။ စစ်ကိုင်း, အင်းဝ, မန်းလေး စသဖြင့် (ဦးပိန်မှာတောင် မရိုက်လိုက်ရ, wasted)။ ဒါပေမယ့် အဲတုန်းက ဘာဖြစ်မယ်မှန်းမသိကြသေးဘူး။ နေပူထဲ ပျော်နေတာတော့ အမှန်ပဲ။ ဒါပေမယ့် တော်ကြာ အခြေအနေက ပိုဆိုးလာလို့ suddenly အဝင်ပိတ်လိုက်ရင် မြာပြည်မှာ သောင်တင်နေရတော့မှာ။ ဒါနဲ့ နောက်နေ့မနက်ပြန်လာခဲ့ရတဲံ ခရီးစဉ်။ အလွန်တရာ နှမြောမိ။ ညနေရိုက်ကြတော့လည်း ကင်မရာက ဖုန်ဝင်ပြီး ပျက်ပါရော။ အပိုပါလာလို့ တော်သေးတယ်။ ရိုက်ချင်တဲ့ ဧရာဝတီကမ်းစပ်နဲ့ ရေလည်ကျွန်းက နေဝင်ချိန်လည်း မရိုက်လိုက်ရဘူး။ တော်တော်လှတဲ့နေရာတွေ။ မနက်ပိုင်း မင်းကွန်းမှာရိုက်ဖြစ်တဲ့ ပုံတချို့ကို ဒီမှာ ကြည့်လို့ရပါတယ်။